Thursday, September 2, 2010

သောင်းပြောင်းထွေလာ သံပေါက်စာများ အပိုင်း (၃)

 ပဲခူးမြို့မှ သမိုင်းဝင် ရွှေမော်ဓောစေတီတော်မြတ်

ဖိုးစစ် မျိုးမှန်၊ တရားသံ၊ မြန်မြန်အိပ်သည့်ခေတ်။

ခုခေတ်ကာလ ညာ(လိမ်)ပေးမှ၊ သဘာဝကျသည့်ခေတ်။

ကျင့်ဝတ်တရား ဆုံးမငြား၊ နားခါးလေသည့်ခေတ်။

ကိုယ်လည်း မသိ ကျင့်နတ္ထိ၊ သိသူရှားသည့်ခေတ်။

တရားသံကြား ဝေးက သွား၊ ရှောင်ရှားလေသည့်ခေတ်။

ရုပ်ရှင် ဇာတ်ပွဲ ထိုရုံထဲ၊ မစဲလေသည့်ခေတ်။

မင်္ဂလာတရား ထိုစကား၊ ခေါင်းပါးလေသည့်ခေတ်။

သက်ကြီးစကား သယ်ငယ်ကား၊ ပယ်ရှားလေသည့်ခေတ်။

မဟုတ်မမှန် ခွန်းတုံ့ပြန်၊ နှုတ်လှန်ထိုးသည့်ခေတ်။

အစစ်ကိုရှောင် အတုဆောင်၊ ယောင်ဆောင်ပေါသည့်ခေတ်။

ဆေးဝါးကုသူ ရဟန်းမူ၊ လှူသူပေါသည့်ခေတ်။

ဗေဒင်ဓါတ်ရိုက် နတ်စိမ်းတိုက်၊ အကြိုက်တွေ့သည့်ခေတ်။

သံသရာ နောင်ရေး ဘေးမတွေး၊ လှူပေးလေသည့်ခေတ်။

ကျောင်းဝင်းမြိုင်မြိုင်၊ ရေဒီယိုကိုင်၊ ကျောင်းထိုင်လေသည့်ခေတ်။

သံသရာကျွတ်တန်း၊ မရည်မှန်း၊ ရဟန်းခံလေသည့်ခေတ်။

သင်္ကန်းသပိတ်၊ ကျောင်းတွင်းသိပ်၊ ပိတ်၍ထားသည့်ခေတ်။

တပည့်တပန်း မပေးကမ်း၊ ငမ်းငမ်းတက်သည့်ခေတ်။

ကျောင်းထိုင်ဆရာတော် အမည်ပေါ်၊ ဂုဏ်နော်များသည့်ခေတ်။

ဓာတ်စက်မပါ အလှူမှာ ဆရာ-ပါမကြိုက်သည့်ခေတ်။

အိုးစည်ဗုံမောင်း တပြောင်းပြောင်း၊ ကျောင်းမှာဆူသည့်ခေတ်။

ဒကာလျှောက်ကြား ထိုစကား၊ မှန်ပါ့ဘုရားလိုက်သည့်ခေတ်။

တောလက်ကျေးရွာ ကျောင်းတိုင်းမှာ စာပေရှားသည့်ခေတ်။

ဘုရားအကြိုက် ငါမလိုက်၊ ဒကာအကြိုက်လိုက်သည့်ခေတ်။

ဆရာကျေးဇူး၊ ဂုဏ်အထူး၊ မေ့မူးလေသည့်ခေတ်။ 

မိဘနှစ်ပါး ပုဂ္ဂိုလ်များ ပစ်ထားလေသည့်ခေတ်။

အရက်ထိုထို သောက်စားမြို၊ ဆိုရှယ်ကျသည့်ခေတ်။

ရောင်းရေး ဝယ်ရေး မှန်မပေး၊ အလေးခိုးသည့်ခေတ်။

ပိတ်ဖြူစလွယ် အရပ်လည်၊ ဆန် လည်တောင်းသည့်ခေတ်။

(၁၃၂၄)ခုနှစ်၊ ဝါခေါင်လဆန်းတွင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင် ကသစ်ဝိုင်ဆရာတော် ဘဒ္ဒန္တ ပဒုမ 
ရေးသားသီကုံးအပ်သော သောင်းပြောင်းထွေလာ သံပေါက်စာများ

1 comments:

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

ကုလားတွေက နအဖနဲ့ ဒီမို နှစ်ဖက်စလုံးကို ညာပေါင်းပြီးခွစား လုပ်နေပါတယ်။ တကမ္ဘာလုံးမှာ ကုလားတွေ ဒုက္ခပေးနေတာကို အားလုံးမြင်နေကြတာပဲ။ အဲဒါကို လုံးဝဂရုမစိုက်ပဲ ဒီမိုနဲ့ နအဖတွေဟာ ကုလားတွေနဲ့ပေါင်းပြီး သူတို့ နိုင်ငံရေး အကျိုးအမြတ်ကိုပဲ ကြည့်နေပါတယ်။ နအဖက ကုလားတွေနဲ့ ပေါင်းပြီး ရွေးကောက်ပွဲကို ကလိမ်ကကျစ်လုပ်နေပါတယ်။ ဒီမိုသမား မဗေဒါဟာ ကုလားမ တစ်ယောက်ကို နိုင်ငံရေး ဇတ်ခုံပေါ်မှာ နေရာရအောင် ကူညီပေးနေပါတယ်။ ကုလားကို မြှောက်ပင့်နေတဲ့ မဗေဒါလုပ်ရပ်ကို ကော်မန့်ကနေ ဆန့်ကျင်ပေးကြပါရန် မေတ္တာရပ်ခံပါတယ်။

http://mabaydar88.blogspot.com/2010/09/blog-post_3555.html


ကုလားကိုထိရင် ဆတ်ဆတ်ထိမခံသူများကို ဆန့်ကျင်နေသည့်
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★