Saturday, July 16, 2011

“ဘလော့မှ ဒိုမိန်းသို့ ကူးပြောင်းတော့မည်”


မူလကသစ်ဝိုင်ဝိပဿနာ ဘလော့ဆိုဒ်အား
မကြာခင်ချိန်တွင် ဒိုမိန်းသို့ ကူးပြောင်းတော့မည့်အကြောင်းကို
ကြိုတင်အသိပေးလိုက်ပါရစေ။

http://www.kathitwine-vipassana.com/

ဒိုမိန်းအလှူရှင်မှာ ကွယ်လွန်သူ ရဟန်းအမ ဒေါ်သန်း(ပဲခူးမြို့)ကို ရည်စူး၍
ကျန်ရစ်သူမိသားစုများမှ လှူဒါန်းခြင်းဖြစ်ပါသည်။

ယခု ကသစ်ဝိုင်ဝိပဿနာဆိုဒ်တွင် တင်ထားသော တရားဒေသနာတော်များကို
မြန်မာနိုင်ငံ၊ ပဲခူးတိုင်း ပဲခူးမြို့ရှိ ကသစ်ဝိုင် အောင်မင်းခေါင်ကုန်းမြေဓမ္မရိပ်သာတွင်
သီတင်းသုံးနေထိုင်တော်မူသော
ဆရာတော် ဦးကဉ္စနသာရ ဦးဆောင်လမ်းညွှန်မှုဖြင့်
ဆောင်ရွက်ခြင်းဖြစ်ပါသည်။

အကယ်၍ မူလကသစ်ဝိုင်ဆရာတော်ဘုရားကြီး၏ တရားတော်များ၊ ဓာတ်ပုံများ၊ ဓမ္မစာပေများ ရှိခဲ့ပါလျှင်

kathitwinemyanmar@gmail.com

သို့ ပေးပို့ပေးပါလျှင် ဆိုဒ်တွင် တင်ပေးပါမည်။

(မူလ) ကသစ်ဝိုင်ဝိပဿနာဆိုဒ်ဖြစ်ပေါ်လာရေးအတွက် ဝိုင်းဝန်းကူညီဆာင်ရွက်ပေးကြပါသော
ဆရာတော်သံဃာတော်များ၊ လင့်ချိတ်ပေးထားသော ဓမ္မမိတ်ဆွေများအားလုံး၊
အွန်လိုင်း ဓမ္မမိတ်ဆွေများအားလုံးကို
အထူးလေးစားစွာဖြင့် ကျေးဇူးတင်ရှိပါကြောင်း။

Friday, April 1, 2011

ကသစ်ဝိုင်၏ သာသနာ့ဝန်ထမ်း အဆက်ဆက်


ဆရာတော်ဦးပဒုမ သာသနာမပြုခင် ဟိုယခင်က ပဲခူးမြို့ရှိ အောင်မင်းခေါင်ကုန်းမြေဓမ္မရိပ်သာတွင် (မူလ)ကသစ်ဝိုင် ဆရာတော်ကြီး၏ တာဝန်ပေးချက်အရ ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တတေဇောသာရ အရှင်သူမြတ်က ကသစ်ဝိုင်ပဋိပတ္တိ သာသနာတော် တာဝန်များကို ထမ်းဆောင်၍ ကသစ်ဝိုင်ဓမ္မရိပ်သာ တရားဌာနသည် အရှိန်ကောင်းစွာဖြင့် တရားပတ်များ စဉ်ဆက်မပြတ် ဖွင့်ပေးနိုင်ခဲ့ပါသည်။ 

ကသစ်ဝိုင်ဝိပဿနာဓမ္မရိပ်သာကို စတင်တည်ထောင်၍ အောင်မင်းခေါင်ဓမ္မရိပ်သာ၏ ဦးစီးနာယကအဖြစ် ဘဒ္ဒန္တတေဇောသာရသည်  ကမ္မဋ္ဌာနာစရိယအဖြစ် ဆောင်ရွက်တော်မူပါသည်။ ဆရာတော် ဦးတေဇောသာရသည် အရှိန်ယူကာစ ကသစ်ဝိုင်ဝိပဿနာဓမ္မရိပ်သာအား အပတ်တကုတ် ဟောဖေါ် ညွှန်ပြဆုံးမနေစဉ် ၁၃၂၉-ခုနှစ်၌ သက်တော် (၄၈) နှစ်၊ သိက္ခာတော် (၂၉) ဝါတွင် ခရီးလမ်းတွင် အစားမှားကာ ဝမ်းလျောဝမ်းပျက်ရောဂါဖြင့် ပျံလွန်တော်မူသွားခဲ့ပါသည်။

ဆရာတော်တေဇောသာရသည် မူလကသစ်ဝိုင်ဆရာတော်ကြီးထံတွင် ငယ်စဉ်မှစ၍ အခြေခံ စာပေတို့ကို လုံလောက်စွာသင်ယူရရှိခဲ့၏။ ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ကျုံတူကျောင်းတိုက်တွင် ကိုရင်ဘဝမှစ၍ (၅)ဝါ တိုင်တိုင် အခြေခံစာတို့ကို သင်ယူခဲ့၏။

ငါးပါးသာသနာဓမ္မရိပ်သာ

ပဲခူးမြို့ရှိ အောင်မင်းခေါင်ကုန်းမြေတွင် ကသစ်ဝိုင်ဝိပဿနာဓမ္မရိပ်သာကို စဉ်ဆက်မပြတ် ဆက်လက် ဖွင့်လှစ်နိုင်ရေး သာသနာတာဝန်ထမ်းဆောင်ရန်အတွက် ကျေးဇူးရှင်မူလကသစ်ဝိုင်ဆရာတော်ဘုရားကြီး ရည်ရွယ်ထားသည့် တပည့်ကြီးများမှာ-
၁. ဘဒ္ဒန္တအာစိဏ္ဏ၊ မုက္ခမူအုပ္ဖိုတောရဆရာတော်၊ ကျိုက်ထိုမြို့နယ်။
၂. ဘဒ္ဒန္တဝေပုလ္လ၊ ဝါဆိုကျောင်းဆရာတော်၊ ပဲခူးမြို့နယ်။
၃. ဘဒ္ဒန္တဣန္ဒစာရ၊ ဘိုရားကြီးဆရာတော်၊ ကျိုက်ထိုမြို့နယ်။
၎. ဘဒ္ဒန္တပညာ၊ ခဝဲရွာဆရာတော်၊ ကျိုက်ထိုမြို့နယ်။
၅. ဘဒ္ဒန္တပဒုမ၊ မန်းကျောင်းဆရာတော်၊ သနပ်ပင်မြို့နယ်

ဆရာတော်တို့ ငါးပါးအား အစဉ်အဆက်ဖြင့် အလှည့်ကျတလှည့်စီ စောင့်ရှောက်ရမည်ဟူသော စည်းမျဉ်း ဥပဒေသတ်မှတ်ချက်ဖြင့် (မူလ)ကသစ်ဝိုင်ဆရာတော်ကြီးမှ တာဝန်အပ်နှင်းပါသည်။ တာဝန်ယူရသော ဆရာတော်များကလည်း သာသနာအတွက် သဘောတူ လက်ခံတော်မူကြပါသည်။

သာသနာ့တာဝန်အလှည့်ကျ
ဆရာတော်ငါးပါးသည် တစ်ပါးစီတာဝန်ယူကာ ကသစ်ဝိုင်ဝိပဿနာသာသနာအတွက် အားလုံးတွင် တာဝန်ရှိကြသည့်အတိုင်း တာဝန်ပေးမှမလွဲသာ၍ တာဝန်ယူရသည်ဟု မဖြစ်လိုကြသဖြင့် သဒ္ဓါအလျောက် တာဝန် ယူမည့် ဘဒ္ဒန္တပညာက ဆုံးဖြတ်ချက်ကို အကောင်အထည်ဖေါ်ပေးလိုက်ပါသည်။ အထက်ပါဆရာတော်ကြီး များ၏ ကမ္မဋ္ဌာနလုပ်ငန်းစဉ်တိုင်း ပေးအပ်ထားသော ဓမ္မရိပ်သာကြီးကို အရှိန်မပျက် တာဝန်ယူဦးဆောင်ပေးခဲ့ပါသည်။ ဆရာတော်တို့သည် အလှည့်ကျလာသည့် တာဝန်ကို(၃)ဝါမျှ သီတင်းသုံးကာ သာသနာတာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။

ထို့နောက်တွင် ကျေးဇူးရှင်ဆရာတော်ကြီး ချမှတ်ပေးသွားသော စည်းမျဉ်းဥပဒေသများ ချမှတ်ချက်အတိုင်း ကသစ်ဝိုင်သာသနာတာဝန်ကို ဒုတိယအလှည့်ကျတော်မူသော ဆရာတော်မှာ ဘဒ္ဒန္တဣန္ဒစာရဖြစ်ပါသည်။ ဆရာတော်သည် သာသနာအတွက် ဓမ္မရိပ်သာကြီးထိန်းသိမ်းရေးကို အာရုံထားလျက် တိုးတက်မှုများကို ဆောင်ရွက်နေစဉ် ဆန္ဒနှင့် ဘဝတထပ်တည်း မကျနိုင်သည့် သင်္ခါရတရားကြောင့် (၁၃၄၄)ခုနှစ်၊ သက်တော် (၆၆)နှစ်၊ သိက္ခာတော် (၄၇)ဝါ တွင် ပျံလွန်တော်မူခဲ့ပါသည်။

ဆရာတော်သည် ဝိနည်းသိက္ခာကို အလေးထားရိုသေစွာ သီတင်းသုံးတော်မူသဖြင့် လဇ္ဇီပေသလ သိက္ခာ တော်ဆောင် ဝိနည်းဓိုရ်ဆရာတော်ဟူ၍ ဒကာ၊ ဒကာမများ၏ အထူးကြည်ညိုလေးစားခဲ့ကြပါသည်။

အလှည့်ကျပြန်(၃)ပါးကျန်
သာသနာပြုဦးစားပေးအလှည့်ကျ ကျန်နေသော မုက္ခမူဆရာတော် ဘဒ္ဒန္တအာစိဏ္ဏ၊ ဝါဆိုဆရာတော် ဘဒ္ဒန္တ ဝေပုလ္လ၊ မန်းကျောင်းဆရာတော် ဘဒ္ဒန္တပဒုမ တို့ (၃)ပါးတို့ အလှည့်ယူရန် ဖြစ်ပါသည်။ ဆရာတော်သုံးပါး သည် တစ်ပါးတည်းပင်တိုင် တာဝန်ယူမှုမထားဘဲ ကာလသတ်မှတ်ချက်ဖြင့် အလှည့်ကျ တာဝန်ယူကြရန် အချင်းချင်း တိုင်ပင်သဘောတူထားကြပါသည်။ ကျောင်းပိုင်ရှင်ရှိကြသော်လည်း ဓမ္မရိပ်သာကြီးကိုပါ တာဝန်မယိုယွင်းရလေအောင် သတ်မှတ်ကာလများအတိုင်း တာဝန်ယူခဲ့ကြပါသည်။ 

သို့သော် ၁၃၄၅ခုနှစ်၊ တပို့တွဲလဆုတ်(၁၃)ရက် (၂၉-ဖေဖေါ်ဝါရီ-၁၉၈၄) တွင် သက်တော် (၇၄)နှစ်၊ သိက္ခာတော်(၅၅)ဝါ ရှိသော မုက္ခမူဆရာတော်ဘဒ္ဒန္တအာစိဏ္ဏနှင့် သက်တော် (၆၈) နှစ်၊ သိက္ခာတော်(၄၉)-ဝါရှိ ဝါဆိုဆရာတော် ဘဒ္ဒန္တဝေပုလ္လတို့သည် တစ်နေရာတည်းတွင် ပျံလွန်တော်မူ ခဲ့ပါသည်။ ထိုစဉ်ကဆရာတော်နှစ်ပါးသည် တရားပတ်အပြီး အပြန်လမ်းတွင် ဘုရားရဟန္တာတို့သော်မှ မလွန်ဆန်နိုင်သော ဝိဘတ် ကြမ္မာကို ဖြည့်ဆည်းကြရရှာသည်။ တရားပတ်တစ်ခုမှ အပြန်လမ်းခရီးတွင် ဆရာတော်တို့စီးနင်းလိုက်ပါလာသော လိုင်းကားသည် ရပ်ထားသော ကားကြီးတစ်စီး၏ ဓာတ်ဆီတိုင်ကီကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခါ ကားမီးလောင်လေ၏။ ထိုအချိန်တွင် လူအများကြားသို့ တိုးဝှေ့ကာ ပြေးမဆင်းတော့ဘဲ အများပြည်သူများကို ဦးစားပေး လိုသောမေတ္တာ၊ စေတနာတို့ဖြင့် တရားအမှတ်၊ တရားသတိနှင့်သာ သီတင်းသုံး၍ နေ၏။ ဒကာများက ဆင်းရန် လျှောက်ထားပါသော်လည်း အခြားသူများကို ဦးစားပေးကယ်ရန် မိန့်တော်မူခဲ့၏။ ထူးဆန်းသည်က ကားမီးလောင်ခံရစဉ် အရိုးကျချိန်၌ နွေရာသီတွင် ရုတ်တရက် မိုးကြီး ရွာချခဲ့ပါသည်။ မိုးသာမရွာခဲ့ပါလျှင် အရိုးမဆိုထားဘိ ပြာပင်မရနိုင်သော အခြေအနေ ဆိုးဆိုက်နေချိန်တွင် ဆရာတော်ကြီးနှစ်ပါး၏ သီလ၊ သမာဓိ၊ ဘာဝနာအရာကို အများပြည်သူတို့ ထူးခြားစွာ ဖူးမြှော်ကြည်ညိုခွင့်ရခဲ့ကြ၏။ ဒကာ၊ ဒကာမများမှာ ဆရာတော်ကြီးများ တပြိုင်တည်း ဆုံးရှုံးမှုကို ဖြည်မဆည်နိုင်အောင် ယူကျုံးမရဖြစ်ကြကာ ယနေ့တိုင် တသသဖြစ်နေကြရပါ၏။ ထိုသို့မျိုးဆက်သစ် သာသနာ့ဝန်ထမ်း ဆရာတော်ကြီးများတပြိုင်နက် ပျံလွန်တော်မူခြင်းသည် ကသစ်ဝိုင်ဝိပဿနာအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုပင် ဖြစ်ပါသည်။

ဆက်ပါအုံးမည်...



Thursday, March 3, 2011

သိေဿာဝါဒ သံပေါက်လင်္ကာ အပိုင်း(၂)

လေးမျက်နှာဘုရား
ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးကုန်သော မြတ်စွာဘုရားလေးဆူတို့အားရည်စူးတည်ထားကိုးကွယ်ခြင်းဖြစ်ပါသည်။
  • ရွာသူစပ်လျှင်း သူ့အတင်း ပြောခြင်း ကျောင်းကွဲ့ သင့်ဘူးတဲ့။
  • ဆုံးမစေလို သူ့ပြစ်ကို လျှောက်ဆိုပါတဲ့ သင့်သေးရဲ့။
  • ဒါ၊ သီ၊ ဘာ-မျိုး ခုနောင်ကျိုး လျှောက်ကိုးပါကွဲ့ ကိုယ်ကျိုးတဲ့။
  • လျှောက်ကိုးပါငြား ရှင်ဘုရား “ပါ”များသုံးကွဲ့ ချိုသာတဲ့။
  • အောက်ငေါက်ဒေါဆောင် ဆူညံအောင် ကြဉ်ဆောင်ပါကွဲ့ ကြားရုံတဲ့။
  • ဘုရားသံယာ ရှေ့ကုန်းခါ ကြမ်းမှာသွားကွဲ့ ဆင်နင်းသလိုတဲ့။ (ဆင်ကြီး ခန္ဓာကြီးသော်လည်း ခြေသံမကြားရ)
  • အိမ်က ကျောင်းလာ များသူငါ ပြုရာခဏ်းကွဲ့ပြီးပြီတဲ့။
  • သံဃာ့ထံလာ ကပ်သူငါ လိမ္မာဘို့ကွဲ့ မှတ်အုံးတဲ့။
  • ဆွမ်းမုန့် ဘောဇဉ် ဘုန်းပေးတွင် ကြွရှင်လျှောက်ကွဲ့ ပင့်နည်းတဲ့။
  • ထမင်းစားသောက် လာသွားလျှောက် ပယ်ဖျောက်လျှောက်ကွဲ့ အပ်ဘူးတဲ့။

Friday, February 18, 2011

ရွှေမောဓေါစေတီတော်မြတ်ကြီး (ပဲခူးမြို့)

 ပဲခူးမြို့ ရွှေမောဓေါစေတီတော်မြတ်ကြီး၏ 
မြောက်ဘက်မုဉ်ဦးမှ တည့်တည့်ဆင်းသွားလျှင် 
“ကသစ်ဝိုင်ဓမ္မရိပ်သာ” သို့ လွယ်ကူစွာ ရောက်နိုင်ပါမည်။

 မွန်တို့ဌာနေ ရာမညပြည်  မှ ကူးယူဖေါ်ပြပါသည်။
ကျွန်တော် ရန်ကုန်-မန္တလေး ကို ရထားဖြင့် ခရီးနှင်တဲ့အခါတိုင်းမှာ ပဲခူးမြို့အ၀င် ရောက်တိုင်း ထိန်ညီးတောက်ပ မီးရောင်များနဲ့ အလွန်သပ္ပာယ် ရွှေမောဓေါစေတီတော်ကို အမြဲတမ်း ဖူးမျှော်ကြည်ညိုလေ့ရှိပါတယ်။ ကျွန်တော် လူမှန်းသူမှန်းမသိ အိပ်တတ်တဲ့အကျင့်ရှိပေမဲ့ ပဲခူးမြို့အ၀င်ရောက်တိုင်း ကျွန်တော်အမြဲတမ်း နိုးနေတတ်ပါတယ်။ ထိုစေတီတော်ကို လက်အုပ်ချီမိုးရှိခိုးသည့် အခါတိုင်းမှာ စေတီတော် ရဲ့သမိုင်းကြောင်းကို သိချင်နေခဲ့ပါတယ်။ အခု စာမေးပွဲတွေပြီးလို့ computer မှာရှိတဲ့ history of mon ethnic ကို လှန်လှောဖတ်ရင်း ဒီအကြောင်းကို တွေ့လို ကျွန်တော်လို သိချင်တဲ့ စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်များအတွက် ရေးလိုက်တာပါ။
ပဲခူး(မွန်ဘာသာဖြင့် ဗဂေါ) မြို့ ကျက်သရေဆောင် ရွှေမောဓေါဘုရားဟာ ပဲခူးနယ်တ၀ိုက်မှာ အထင်ရှားဆုံး သာသနိက အဆောက်အအုံ တစ်ခုဖြစ်ပါတယ်။ ထောင်စုနှစ်တစ်ခုအထိ သက်တမ်းကြာရင့်ခဲ့ပြီဖြစ်တဲ့အတွက် စေတီတော် တည်ထားကိုးကွယ်စဉ်တုန်းက ဒဏ္ဍာရီ(foundation myth) ဟာ တိမ်မြုပ်ပျောက်ကွယ်သွားပါပြီ။ ဒီဘုရားဟာ ပဲခူးဒေသရဲ့ ဘာသာရေး သက်တမ်းတစ်လျှောက်မှာ အဓိကကျတဲ့ သာသနိကအမွေနှစ်ဖြစ်နေပေမဲ့ စေတီတော်ရဲ့ မူရင်းသမိုင်းရာဇ၀င် (foundation myth) ပျောက်ကွယ်သွားတာဟာ တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ယနေ့ခေတ် ဘုရားသမိုင်းရာဇ၀င်က ဆံတော် နှစ်ဆူ ကို ဌာပနာ ထားပါတယ်လို့ဆိုပါတယ်။ တကယ့်မူရင်း က တော့ အံတော် ကို ဌာပနာ ထားဖြစ်ပါတယ်။
ယခုခေတ် ဘုရားသမိုင်းရာဇ၀င်ကတော့ ရွှေတိဂုံစေတီတော်သမိုင်းနဲ့ခပ်ဆင်ဆင်ပါဘဲ။ ကုန်သည်ညီနောင်နှစ်ဦး(တဖုဿ နဲ့ ဘလိက မဟုတ်ပါ)က မြတ်စွာဘုရားထံမှ ဆံတော်နှစ်ဆူ ပင့်ဆောင်လာပြီး ပဲခူးဒေသမှာ စေတီတည်ထား ဌာပနာခဲ့ကြပါတယ်။ ဘုရားသမိုင်းဟာ အမျိုးမျိုးကွဲပြားနေကြပေမဲ့ အများအားဖြင့် ဘိုးတော်ဘုရားလက်ထက် (၁၇၈၂-၁၈၁၉)ခုနှစ် (၁၆-၁၇ရာစု) ကို အခြေခံထားကြပါတယ်။ ဘိုးတော်ဘုရားလက်ထက်ကို အခြေခံထားတဲ့ဘုရားသမိုင်း မှာ ကုန်သည်ညီနောင်နှစ်ဦးဟာ မဟာသလ နဲ့ စူဠသလ (Maha-sala and Cula-sala) လို့ဖော်ပြထားပါတယ်။
မူရင်း သမိုင်းရာဇ၀င်( Foundation myth) ကတော့ ဟသာင်္ကုန်းဘက်ကိုထိုးဆင်းသွားတဲ့ အရှေ့ဘက်စောင်းတန်းမှာ တည်ရှိခဲ့တဲ မွန် နဲ့ ပါဠိ ကျောက်စာမှာ ဖော်ပြထားပါတယ်။ အဲဒီကျောက်စာတွေဟာ (၁၅) ရာစုမှာ တချိန်တည်းရေးထိုးခဲ့ပါတယ်။ ဒါကို Donald M. Stadtner က သူ့ရဲ့စာတမ်းမှာ” The earliest myth associated with the Shwemawdaw stems from completely different sources than the current legend. Our sole surviving evidence comes inthe form of two 15th-century inscriptions, one in Mon and the other in Pali,both located along the eastern stairway leading to the promontory of the Hintha Kone.” ရေးခဲ့ပါတယ်။ မွန်ကျောက်စာမှာ ဂ၀မ္ပတိ က ကုသိနာရုံ(Kusinagara) ကနေ ဗုဒ္ဓအံတော်(tooth relic)တစ်ဆူကို သထုံပြည်သို့ ပင့်ဆောင်လာခဲ့ပါတယ်။ အဲဒီ အံတော်ဟာ အလိုအလျောက် (၃၃)ဆူပွားလာခဲ့ပါတယ်။ သထုံဘုရင်ဟာ အဲဒီအံတော်တွေကို ဌာပနာပြီး စေတီ (၃၃) ဆူ တည်ခဲ့တယ်။ နောက်ပိုင်းမှာ အဲဒီ အံတော် ၃၃ ဆူကို နေရာဌာနအသီးသီးကို ပြောင်းရွှေ့ကို တည်ထားကိုးကွယ်ကြတယ် လို့ မွန် နဲ့ ပါဠိ ကျောက်စာ နှစ်ခုလုံးမှာ ဆိုထားပါတယ်။ အဲဒီ (၃၃) ဆူထဲက တစ်ဆူဟာ Madhava လို့ ပါဠိကျောက်စာမှာ ဖော်ပြထားပါတယ်။ အဲဒီကနေ Mudhava ဟု ကလျာဏီကျောက်စာမှာ တွေ့ရှိရပါတယ်။- နောက်ပိုင်းမှာMau Tau(မုဟ်တ´) မွန်ဘာသာဖြင့်ခေါ်ဆိုလာကြပါတယ်။ အဲဒီကနေတဆင့် မွန်ခရိုနစ်ကယ်(Mon chronicle) မှာ “Mohtau Pagoda” or “Muhtau Pagoda” ဟု ရေးသားဖော်ပြရာ ကနေ ရွှေမောဓေါလို့ အမည်တွင်လာခဲ့ပါတယ်။
ဖြည့်စွက်။ ကျွန်တော်သိခဲ့တဲ့ ပါးစပ်ရာဇ၀င်တစ်ခုကို ကြုံတုန်းဖောက်သည်ချချင်ပါရစေ။ အမှန်တကယ်ဆိုရသော် အခုကျွန်တော်ရေးမည့်အကြောင်းအရာသည် ကိုးကားချက်ကျမ်းတစ်စောင်ပေတဖွဲ့ မရှိတဲ့အတွက် ပါးစပ်ရာဇ၀င်ဟု ခေါင်းစဉ်တပ်လိုက်ရတာပါ။ အားလုံးမှန်သည်ဟု မဆိုချင်ပါသော်လည်း အားလုံးနီးပါးမှန်သည်ဟု ကျွန်တော်ဆိုလိုချင်ပါသည်။
မွန်လူမျိုးတွေ တည်ထားကိုးကွယ်ခဲ့သော စေတီတော်များအထဲမှ ရွှေတိဂုံစေတီတော်၊ ရွှေမောဓေါစေတီတော်နှင့် ကျိုက်လမိုင်း(လမိုင်းဘုရား)တို့သည် အခြားစေတီတော်တို့ထက် ထူးခြားထင်ရှားပါသည်။ ထိုစေတီ ၃ ဆူသည် အခြေခံအားဖြင့် ပုံစံတူညီကြသည်။ သို့သော် မတူညီသည့်အချက်ကား ရွှေတိဂုံစေတီသည် ထိုစေတီ သုံးဆူ တွင် သပ္ပါယ်ဆုံး၊ရွှေမောဓေါစေတီသည် အမြင့်ဆုံး၊ ကျိုက်လမိုင်းသည် ထုအကြီးဆုံးဖြစ်သည်။ရွှေမောဓေါစေတီကို မွန်ဘာသာဖြင့် ကျာ်မုဟ်တ´(ကျိုက်မုတူး)ဟုခေါ်ဆိုကြခြင်းမှာေ၇ှးအခါက မွန်အဖိုးကြီးများသည် ဆေးတံကို သောက်ကြသည်။ အဖိုးကြီး တစ်ယောက်သည် ဥာဏ်တော်မြင့်သော စေတီတော်၏ စိန်ဖူးတော်ကို ဖူးမြော်ရန် မော့ပြီးကြည့်သောအခါ ဆေးတံမှ ကျလာသောမီးပွားက သူ၏ နှာခေါင်းကို ထိပြီး ပူသောကြောင့် ကျာ်မုဟ်တ´(ကျိုက်-ဘုရား+ မုဟ်-နှာခေါင်း+တ´-လောင်သည်)ဟု ယနေ့ထိ အချို့သောမွန်လူမျိုးများက ခေါ်ဆိုနေကြဆဲပင်ဖြစ်သည်။

လေးစားစွာဖြင့်
SAITNON

ကိုးကားချက်။ 
THE LOST LEGEND OF THE SHWEMAWDAW, PAGODA [Donald M. Stadtner (Walnut Creek, California, USA)] ; From the paper of conference  Discovery of Ramanya Desa: History, Identity, Culture, Language and Performing Arts 10-13 October 2007, Chulalongkorn University Bangkok Thailand


ရွှေမော်ဓောဘုရားသည် မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားများအနက် တစ်ဆူအပါအဝင်ဖြစ်၍ သင်တိုင်းစေတီ ခေါ် မကိုဋ်စေတီမျိုးဖြစ်သည်။ ပဲခူးမြို့၏ အရှေ့ပိုင်း ဟင်္သာကုန်းအစုတွင် အနောက်ဖက်ဆုံးကျသော ပဲကူး၊ သုဒဿန၊ မြင်းသီတ၊ မရင်သိန္န၊ မဓဝါ ဟူ၍ ခေတ်အလိုက် အမည်ပြောင်းခဲ့သော ကုန်းငယ်ပေါ်၌ ရွှေမော်ဓောစေတီတည်ရှိသည်။ ယခုအခါ၌မူ ထိုကုန်းကို ရွှေမော်ဓောကုန်းဟု အခေါ်များသည်။
ရွှေမော်ဓောစေတီ တည်သည့်နှစ်များနှင့် ဌာပနာသည့် ပစ္စည်းအကြောင်းကို အမျိုးမျိုးဆိုကြသည်။ အချို့က ဘုရား ပရိနိဗ္ဗာန် မစံမီကပင် တည်သည်ဟု လည်းကောင်း၊ အချို့က ဘုရား ပရိနိဗ္ဗာန်စံပြီးမှ တည်သည်ဟုလည်းကောင်း၊ အချို့က ဘုရားဆံတော်ကို ဌာပနာသည်ဟုလည်းကောင်း၊ အချို့က သွားတော်ကို ဌာပနာသည်ဟု လည်းကောင်း ရေးသားကြသည်။ သို့ရာတွင် ဘုရားဒါယိကာမ ဟံသာဝတီ ဘုရင်မ ရှင်စောပုနှင့် သားမက်တော် ဘုရားဒါယိကာ ဓမ္မစေတီမင်းတို့ (၈၂၄) ခုနှစ်တွင် ထိုးခဲ့သော မော်ဓောသမိုင်း ပါဠိကျောက်စာအရမူ သထုံမင်းစူဠ သိရိမာသောကသည် သာသနာနှစ် (၂၃၇) ခုလောက်တွင် ဘုရားရှင်၏ သွားတော်ဓာတ်ကို ဌာပနာကာ ရွှေမော်ဓော ဂန္ဓကုဋိတိုက်ကို ရှေးဦးစွာ တည်ကြောင်း ထင်ရှားသည်။ ထိုတိုက်စေတီကို မဓဝါစေတီဟု သမုတ်ပြီးသော် သာသနာနှစ် (၂၃၈) ခုနှစ်တွင် ရေစက်ချ လှူဒါန်းသည်။
ယင်းသို့ တည်ပြီးနောက် မော်ဓောစေတီသည် ငလျင် အကြိမ်ကြိမ် မိ၍ ပြိုကျရာ အကြိမ်ကြိမ် ပြန်တည်ခဲ့ရသည်။ ရှင်ဥေယျဓမ္မ၏ ရွှေမော်ဓောသမိုင်းနှင့် သထုံရာဇဝင်အဆိုအရ သာသနာနှစ် (၃၄၇၊ ၄၅၄၊ ၅၃၂၊ ၅၆၆၊ ၆၀၈၊ ၆၉၇၊ ၇၇၅၊ ၈၄၃၊ ၉၃၁၊ ၁၀၀၄၊ ၁၀၇၁၊ ၁၁၅၉၊ ၁၁၉၆၊ ၁၂၈၀၊ ၁၃၅၇၊ ၁၄၁၉၊ ၁၅၃၀၊ ၁၆၀၃၊ ၁၇၀၅၊ ၁၈၁၃၊ ၁၈၃၀၊ ၁၈၉၂) ခုနှစ်များတွင် (၂၂) ကြိမ်တိုင်တိုင် ငလျင်ကြောင့် မော်ဓောတိုက်စေတီ ပြိုလေရာ မင်းအဆက်ဆက်တို့ ပြန်လည်တင်ပေးရလေသည်။ သက္ကရာဇ် (၇၅၈) ခုနှစ်တွင် နောက် (၂၃) ကြိမ်မြောက် ပြိုပြန်လေသည်။
ရွှေမော်ဓော ဘုရားသည် ငလျင်လှုပ်သော မြေကြောပေါ်တွင် တည်ခဲ့သြဖင့် (၃၂) ကြိမ်တိုင်တိုင် ပြိုပျက်ခဲ့သောကြောင့် မြန်မာ့လွတ်လပ်ရေးခေတ် ရွှေမော်ဓော ပြန်လည်တည်ဆောက်ရေးအဖွဲ့က ငလျင်ဒဏ်မခံနိုင်သော အုတ်ရိုးသတ်သတ်စေတီမျိုးကို မတည်ဘဲ သံရိုးခံကျောက်ကျစ်အင်္ဂတေနှင့် အုတ်ရိုးဖက်စပ်၍ တည်ခဲ့သည်။
ရွှေမော်ဓော ဘုရားပွဲတော်ကို နှစ်စဉ်တန်ခူးလတွင် ကျင်းပြုလုပ်ရာ အထူးပင် စည်းကားပါသည်။
(ကျမ်းကိုး။    ။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၁ စာမျက်နှာ ၄၅၀ – ၄၅၅)

Tuesday, February 8, 2011

သိေဿာဝါဒ သံပေါက်လင်္ကာ

ကျေးဇူးရှင် (မူလ)ကသစ်ဝိုင်ဆရာတော်ဘုရားကြီးသည် ဂန္တဓူရ စာပေပို့ချစဉ်အခါ၌
သင်ကြားဆုံးမတော်မူခဲ့သော သိေဿာဝါဒ သံပေါက်လင်္ကာများ

ဗုဒ္ဓဂါရဝခဏ်း
  • ဘုရား၊ တရား၊ သံဃာအား စိတ်ထားဖြူနဲ့ ရှိခိုးကွဲ့။
  • သိေဿာဝါဒံ မျိုးကောင်းမှန် ဆောင်ရန်ကောင်းတဲ့ ကျက်လိုက်ကွဲ့။
  • ဘုရားဝိုင်းတွင် ခေါင်းခြုံတင် ရှောင်ကြဉ် ထီးနဲ့ ဘိနပ်ကွဲ့။
  • ရေချိုးထွေးနှပ် ကျင်နှစ်ရပ် စွန့်လတ်ဝိုင်းတဲ့ ရှောင်အုံးကွဲ့။
  • ဘုရားဝင်းရှောင် ဆယ့်နှစ်တောင် ထုတ်ဆောင်ပြောခဲ့ ရှောင်လိုက်ကွဲ့။
ဓမ္မနှင့် သံဃာ ဂါရဝခဏ်း
  • တရားဟောရာ နားစိုက်ပါ နေကွဲ့ငြိမ်စွာ မပြောနဲ့။
  • သံဃာ့သုံးဘိ လူတို့၏ ပရိဘောဂစေတီတဲ့၊ ထို့ကြောင့် ကျောင်းလာ မျိုးကောင်းမှာ မှန်စွာပြုကွဲ့ ပြစ်ကင်းမဲ့။
  • ခေါင်းခြုံဆောင်းထီး ဘိနပ်စီး ပယ်ပြီး ဝင်ခဲ့ ကျောင်းဝိုင်းတဲ့။
  • ဓားလက်နက်ပါ တူရိယာ တော်ရာ ထားခဲ့ ကျောင်းယူနဲ့။
  • ရေမွှေးနံ့သာ ဆွတ်လိမ်းလာ တော်ပါဘူးကွဲ့ ကျောင်းကန်နဲ့။
  • ပေရေချေးမှာ သုတ်ဆေးကာ တက်ပါ ကျောင်းနဲ့ ဖျာ ဇောတဲ့။
  • ကျောင်းပေါ်ရောက်လာ မြတ်ဗုဒ္ဓါ့ သံဃာကိုကွဲ့ ရှိခိုးတဲ့။
  • ရှိခိုးသောအခါ ဒူးလက်နှစ်ဖြာ နဖူးပါ ကြမ်းမှာ ထိကွဲ့ ထိ(၅)နဲ့။
  • ရှိခိုးပြီးခါ ခြောက်နေရာ ရှောင်ခွာနေကွဲ့ ဆည်းကပ်တဲ့။
  • ဝေး၊ နီး၊ လေညာ၊ ရှေ့နောက်မှာ မြင့်ရာ ရှောင်ကွဲ့ ခြောက်ရပ်တဲ့။
  • နောက်ခိုင်း ခြေဆင်း ပေါင်ကြိတ်စင်း ခြုံလျှင်းရှေ့ကွယ် မနေနဲ့။