
ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးကုန်သော မြတ်စွာဘုရားလေးဆူတို့အားရည်စူးတည်ထားကိုးကွယ်ခြင်းဖြစ်ပါသည်။
- ရွာသူစပ်လျှင်း သူ့အတင်း ပြောခြင်း ကျောင်းကွဲ့ သင့်ဘူးတဲ့။
- ဆုံးမစေလို သူ့ပြစ်ကို လျှောက်ဆိုပါတဲ့ သင့်သေးရဲ့။
- ဒါ၊ သီ၊ ဘာ-မျိုး ခုနောင်ကျိုး လျှောက်ကိုးပါကွဲ့ ကိုယ်ကျိုးတဲ့။
- လျှောက်ကိုးပါငြား ရှင်ဘုရား “ပါ”များသုံးကွဲ့ ချိုသာတဲ့။
- အောက်ငေါက်ဒေါဆောင် ဆူညံအောင် ကြဉ်ဆောင်ပါကွဲ့ ကြားရုံတဲ့။
- ဘုရားသံယာ ရှေ့ကုန်းခါ ကြမ်းမှာသွားကွဲ့ ဆင်နင်းသလိုတဲ့။ (ဆင်ကြီး ခန္ဓာကြီးသော်လည်း ခြေသံမကြားရ)
- အိမ်က ကျောင်းလာ များသူငါ ပြုရာခဏ်းကွဲ့ပြီးပြီတဲ့။
- သံဃာ့ထံလာ ကပ်သူငါ လိမ္မာဘို့ကွဲ့ မှတ်အုံးတဲ့။
- ဆွမ်းမုန့် ဘောဇဉ် ဘုန်းပေးတွင် ကြွရှင်လျှောက်ကွဲ့ ပင့်နည်းတဲ့။
- ထမင်းစားသောက် လာသွားလျှောက် ပယ်ဖျောက်လျှောက်ကွဲ့ အပ်ဘူးတဲ့။