Wednesday, March 4, 2009

ယောဂီများလိုက်နာရန် စည်းကမ်းချက်များ

ကသစ်ဝိုင်ဓမ္မရိပ်သာကြီး၏
တရားဝင်ရောက်မည့် ယောဂီများလိုက်နာကျင့်သုံးရမည့်
စည်းကမ်းချက်များ



၁. ဤတရားဌာနမှ ချမှတ်ပေးထားသော စည်းကမ်းချက်များကို တသွေမတိမ်း လိုက်နာကျင့်သုံးပါမည်ဟု၊ ဝန်ခံသော သူကိုသာလျှင် တရားဝင်ယောဂီအဖြစ် လက်ခံပါမည်။

၂. တရားဌာနတွင် နေသမျှရက်အတွင်း၌၊ အချိန်ပြည့်အားထုတ်နိုင်သူဖြစ်ရမည်။

၃. တရားအားထုတ်နေသော ယောဂီများသည် အကြောင်းထူးမရှိဘဲ အပြင်လူများနှင့် လုံးဝတွေ့ဆုံခွင့်မရှိပါ၊ ယောဂီ စောင့်ရှောက်သော ပုဂ္ဂိုလ်များ၏ တိုက်တွန်းစကားကိုသာ နားထောင်ကြရပါမည်။ တစ်နေရာမှ တစ်နေရာသို့ မသွားရပါ။

၎. တရားဝင်သောယောဂီများသည် အပြင်လူများနှင့် ခွဲခြားသိစေရန် ယောဂီတဘက်ကိုအမြဲတမ်း သိုင်းခြုံ၍ ထားရပါမည်။

၅. တရားအားထုတ်ရန် သတ်မှတ်ထားသော အချိန်တို့၌အိပ်နေခြင်း၊ စကားပြောနေခြင်း၊ အစာစားခြင်း၊ ရေချိုး အဝတ်လျော်ခြင်း စသော အမှုကိစ္စများကို လုံးဝမပြုလုပ်ရပါ၊ အထူးရှောင်ကြဉ်ကြရပါမည်။

၆. ဤတရားဌာနမှ ညွှန်ကြားထားသော ကမ္မဋ္ဌာန်းတရားကိုသာ ယုံကြည်လေးစားစွာဖြင့် ပွားများအားထုတ် ရပါမည်။ အခြားသော ကမ္မဋ္ဌာန်းကို ကူးပြောင်းအားထုတ်ခြင်း၊ စာဖတ်နေခြင်း၊ အချင်းချင်းတရားဟောခြင်း၊ သင်တန်းပေးခြင်း၊ ဘုရားရှိခိုး မေတ္တာပို့ ပုတီးစိပ်ခြင်း စသည်များမပြုလုပ်ရပါ။

၇. တရားအားထုတ်လိုသော ယောဂီသည် ရူးသွပ်နေသူ၊ အနာကြီးရောဂါရှိသူ၊ တရားကိုအချိန်ပြည့် အားမထုတ် နိုင်အောင်အိုသောသူ၊ နာသောသူတို့ကို လက်ခံခြင်းမပြုလုပ်နိုင်ပါ။

၈. တရားစစ်ဆေး ပြုပြင်ပေးရာတွင် စဉ်းစားဝေဖန် လုပ်ကြံခြင်းမပါစေဘဲ ဟုတ်တိုင်းမှန်စွာ ကိုယ်တွေ့ မြင်သော သဘောကိုသာ ပြောပြရပါမည်။

၉. တရားအားထုတ်နေသော ယောဂီသည် တရားအားမထုတ်နိုင်လောက်အောင် အကြောင်းတစုံတရာ ပေါ်ပေါက် ခဲ့သော် နာယကဆရာတော်နှင့် အမှုဆောင်လူကြီးများအား အသိပေးအကြောင်းကြားပြီးမှသာ ပြန်သွားရပါမည်။

၁၀. တရားအားထုတ်နေသော ယောဂီသည် တရားဌာနမှ ပေးသောတရား၊ ကျွေးသောအစား၊ ထားသောနေရာ အစရှိသည်တို့၌၊ ငြင်းဆန်ဝေဖန်မှုမပြုဘဲ တရားရရေးကိုသာရှေးရှုသောသူဖြစ်ခြင်း၊ နေရာတကာတို့၌ ပြောဆို ဆုံးမလွယ်ကူသောသူ၏ အဖြစ်၌တည်ခြင်း၊ အစရှိသော အကျိုးများရာ များကြောင်းဖြစ်သော ကုသိုလ်တရားတို့ ၌သာ စိတ်ဝယ်ထားလျှက် အထက်ဖေါ်ပြပါ စည်းကမ်းချက်များကို စွမ်းနိုင်သမျှ လိုက်နာကျင့်ဆောင်အားထုတ် နိုင်ရပါမည်။

ဤသို့ ဆိုအပ်ခဲ့ပြီးသော အချက် (ဆယ်ချက်) တို့ကို၊ လိုက်နာရန် ပျက်ကွက်ခဲ့သော် တရားဌာနမှ ထွက်ခွါသွားပြီးသားဖြစ်ရမည်။


အကျိုးတော်ဆောင်အဖွဲ့


ကသစ်ဝိုင်ဓမ္မရိပ်သာ၊ အောင်မင်းခေါင်ကုန်းမြေ၊ ပဲခူးမြို့ ။

No comments: