
ဒကာ၊ ဒကာမ၊ ယောဂီသူတော်စင် အပေါင်းတို့ ခင်ဗျား။
ပဲခူးတိုင်း၊ ပဲခူးမြို့ ။ အောင်မင်းခေါင်ကုန်းမြေ ကသစ်ဝိုင် ၀ိပဿနာဓမ္မ ရိပ်သာကြီး၏ ဦးစီးပဓါန နာယက ဆရာတော်ဖြစ်တော်မူသော ကျေးဇူးတော်ရှင် ဘဒ္ဒန္တပဒုမ ဆရာတော်ဘုရားကြီး သည် ယနေ့  မြန်မာသက္ကရာဇ် ၁၃၇၀ခုနှစ်၊ တပေါင်းလပြည့်ကျော် (၉)ရက်၊ ခရစ်နှစ် ၂၀၀၉ ခု၊ မတ်လ (၁၉)ရက်၊ ကြာသပတေးနေ့ ၊ ညနေ ၄ နာရီ၊ ၂၀ မိနစ်တွင် ဘ၀နတ်ထံပျံလွန်တော်မူသွားခဲ့ပြီဖြစ်ကြောင်း ရိပ်သာမှ အကြောင်းကြားခဲ့ပါတယ်ခင်ဗျား။
ဆရာတော်ကြီး၏ နောက်ဆုံး အန္တိမဈာပနကို မြန်မာသက္ကရာဇ် ၁၃၇၀ခုနှစ်၊ တန်ခူးလဆန်း (၂) ရက်၊ ခရစ်နှစ် ၂၀၀၉ ခု၊ မတ်လ (၂၇)ရက်နေ့ ၊ သောကြာနေ့  တွင် စီရင်ကျင်းပမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။
အသေးစိတ်သတင်းများကို ဆက်လက်ဖော်ပြပေးသွားပါမည်ခင်ဗျား။
3 comments:
ကျွန်တော်၏ ဘကြီးဘုန်းကြီး...ကျွန်တော်ရဟန်းဝတ်ဖြင့် ရိပ်သာကို သုံးကြိမ်တိုင်တိုင်တရားစခန်းဝင်စဉ် ဥပဇ္ဈာယ်ဆရာတော် ဖြစ်တော်မူသော ပဲခူးအောင်မင်းကုန်းမြေ ကသစ်ဂိုင်ဓမ္မရိပ်သာ၏ ကျေးဇူးတော်ရှင် ဘဒ္ဒန္တပဒုမ ဆရာတော်ဘုရားကြီး ဘ၀နတ်ထံပျံလွန်တော်မူသွားခဲ့ပြီဖြစ်ကြောင်း ကြားသိရ၍ အထူးနှမျော ဝမ်းနည်းမိပါကြောင်း
မရဏံ မေ ဓုဝံ. ဇီဝိတံ မေ အဓုဝံ..
နောက်ဆုံးအချိန်အထိ ဆရာတော်ဟာ အသက် ၉၈ နှစ် ရှိပြီဖြစ်တဲ့ ကျွန်တော်တို့အဖွားကို သတိတရ ရှိပုံလေးနဲ့ပြောရရင် ပြီးခဲ့တဲ့ နှစ်လလောက်က(နှစ်ဆန်းပိုင်းလောက်က) ဆရာတော်ဟာ အိပ်ယာထဲ လဲနေပြီ၊သတိရတချက် မရတချက် ဖြစ်နေပြီဆိုတာ အိမ်နဲ့ဖုန်းပြောတိုင်း ပြောပြလို့ စိတ်မကောင်းဖြစ်ရပါတယ်။ အဲ ဆရာတော်သတိရချိန်မှာ “ဒကာမကြီး မဒေါင်း နေကောင်းရဲ့လား၊ရှိကောရှိသေးလား သွားကြည့်ကြစမ်း” ဆိုပြီးခိုင်းလို့ အတွင်းရေးမှူး ဦးတင်အေး နဲ့ ဘုန်းကြီးတစ်ပါးသတင်းလာမေးကြကြောင်း အိမ်က ပြောလို့ သိလိုက်ရချိန်မှာ ဆရာတော်ရဲ့ မေတ္တာကြီးမားပုံကို အထူးပင် ကြည်ညိုလိုက်မိပါတော့တယ်။ ဆရာတော်ကြီး၏ သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ် တို့ကို ဘုရားတပည့်တော် အဝေးနေ ရှိခိုးပူဇော်လိုက်ရပါသည်ဘုရား။
http://www.winnlatt.blogspot.com
Post a Comment