Monday, September 7, 2009

နာမရူပ ပရိစ္ဆေ္တဒဉာဏ်နှင့် ဒိဋ္ဌိဝိသုဒ္ဓိ အပိုင်း(၄)

"နာမ်"အကြောင်းပြောတော့မယ်
နာမ်ဆိုတာ အသိလေးပါနော်။ အသိလေးသည် တစ်ခုရှိပါတယ်။ စိတ် စေတသိက် ခွဲမနေပါ၊ စိတ်နဲ့ စေတသိက်တွဲ၍ နာမ်ဓာတ်(၈)ပါးလို့လည်း ခွဲမနေပါ၊ ပက္ကုသာတိမင်းကြီးရဟန္တာဖြစ်တဲ့အခန်းမှာ သိမှုဘက်က ၀ိညာဏဓာတ်တစ်လုံးထဲပါတယ်။ ရှင်းရှင်းလေး မှတ်ကြ၊ ဒါ့ကြောင့် အဲဒီအသိလေးသည် ရင်ထဲမှာ နေတယ်။

ယောဂီတို့ကို အသိလေးမေးမယ်............
မေး။ ။ ယောဂီတို့ ရင်ထဲမှာရှိတဲ့အသိလေးက တစ်နေရာတည်းမှာ သိသလား၊ ပေါ်တိုင်းလိုက်သိနေသလား။
ဖြေ။ ။ ပေါ်တိုင်း လိုက်သိနေပါတယ်ဘုရား။

မေး။ ။ ဘယ့်လောက်ရှင်းသလဲ၊ ပေါ်တိုင်း လိုက်သိတာ စာလိုဆိုရင် နာမ်လို့ခေါ်ပါ။ နာမ်-နမန-ညွှတ်တယ်၊ ကိုင်းတဲ့သဘော ဟုတ်ပါရဲ့လား။
ဖြေ။ ။ ဟုတ်ပါတယ်ဘုရား။

ခေါင်းမှာ ပေါ်ရင် ခေါင်းဘက်သို့ ညွှတ်ကိုင်းပါတယ်၊ အလယ်ပိုင်း ကျောရင်မှာ ပေါ်ရင် အလယ်ပိုင်းကျောရင် ဘက်သို့ ညွှတ်ကိုင်းပါတယ်၊ အောက်ပိုင်း ပေါင် ခြေသလုံးမှာ ပေါ်ရင်လည်း ဒီအတိုင်းပါပဲနော်။ အလှုပ်လေးပေါ်မယ်ဆိုရင် အလှုပ်လေးဘက်သို့ ညွှတ်ကိုင်းပါတယ်၊ နာ-တာလေးပေါ်ရင် နာ-တာလေးဘက်သို့ ညွှတ်ကိုင်းပါတယ်၊ ကိုက်-တာလေးပေါ်ရင် ကိုက်-တာလေးဘက်သို့ ညွှတ်ကိုင်းပါတယ်၊ ချမ်းသာဒါ လေးပေါ်ရင် ချမ်းသာဒါဘက်သို့ ညွှတ်ကိုင်းပါတယ်၊ ကွက်ကွက်လေးပေါ်ရင် ကွက်ကွက်လေးဘက်သို့ ညွှတ်ကိုင်းပါတယ်၊ တစ်ကိုယ်လုံးပေါ်မယ်ဆိုရင် အမြင်သန်တဲ့ဘက်သို့ ညွှတ်ကိုင်းပါတယ်။
ရှင်းပါရဲ့လား။ ညွှတ်ကိုင်းတယ်ဆိုတာ လှမ်းသိတာကို ဆိုတာမှတ်၊ အသိလေးကတော့ ဘယ်မှမရွေ့ဘူး၊ ခေါင်းမှာပေါ်ရင် ခေါင်းဘက်သို့ လှမ်းသိသည်၊ အလယ်ပိုင်း ကျောရင်မှာပေါ်ရင် အလယ်ပိုင်း ကျောရင်ဘက်သို့ လှမ်းသိသည်၊ အောက်ပိုင်းပေါင် ခြေသလုံးမှာ ပေါ်ရင် အောက်ပိုင်း ပေါင် ခြေသလုံးဘက်သို့ ညွှတ်တယ် ကိုင်းတယ်လို့ခေါ်သည်၊ ညွှတ်တာကို "နာမ်" လို့ခေါ်ပါတယ်။
ပေါ်တာ ရုပ်၊ သိတာ နာမ်၊ ပူဒါ ရုပ်၊ သိတာက နာမ်၊ စာတတ်တိုင်းသိပ်ခွဲမနေပဲ၊ သညာသိပါတယ်။ သူ့ဟာ သူ ရုပ်နှင့်နာမ် ကွဲလာလိမ့်ပါမယ်။
အမျိုးစုံပေါ်တာ ရုပ်၊ ပေါ်တိုင်း လိုက်သိတာ နာမ်။
မေး။ စာထဲက ရုပ်ဆိုရင် ကိုယ်ထဲမှာ ဘယ်လိုနေမယ်။
ဖြေ။ မျိုးစုံပေါ်ပါတယ်ဘုရား။

မေး။ မျိုးစုံပေါ်တာ စာလို ဘာခေါ်တယ်။
ဖြေ။ ရုပ်လို့ ခေါ်ပါတယ်ဘုရား။

မေး။ စာထဲက နာမ်ဆိုရင် ကိုယ်ထဲမှာ ဘယ်လိုနေမယ်။
ဖြေ။ ပေါ်တိုင်း လိုက်သိနေပါတယ်ဘုရား။

မေး။ ပေါ်တိုင်း လိုက်သိနေတာ စာလို ဘာခေါ်တယ်။
ဖြေ။ နာမ်လို့ ခေါ်ပါတယ်ဘုရား။

အမျိုးစုံပေါ်တာ ရုပ်၊ ပေါ်တိုင်းလိုက်သိတာ နာမ်၊ ရုပ်က ပေါ်တာ၊ နာမ်သိတာ နှစ်ဖြာကွဲလာဘိ၊ ရုပ် နာမ်ကွဲပုံ၊ ရုပ်ဆိုရင် မျိုးစုံပေါ်တာ၊ နာမ်ဆိုရင် ပေါ်တိုင်းလိုက်သိတာ။

မေး။ ရုပ်-နာမ် နှစ်ပါးရော ကွဲကြရဲ့လား။
ဖြေ။ ကွဲပါတယ်ဘုရား။

ရုပ်ဆိုရင် မျိုးစုံပေါ်တာနော်။ နာမ်ဆိုရင် ပေါ်တိုင်းလိုက်သိတာနော်။

မေး။ ပေါ်ဒါနဲ့ သိတာ နှစ်ခုလား၊ တစ်ခုတည်းလား။
ဖြေ။ နှစ်ခုပါဘုရား။

မေး။ ပူဒါနဲ့ သိတာ နှစ်ခုလား၊ တစ်ခုလား။
ဖြေ။ နှစ်ခုပါဘုရား။

မေး။ အေးဒါနဲ့ သိတာ။
ဖြေ။ နှစ်ခုပါဘုရား။

မေး။ လှုပ်ထာနဲ့ သိတာ။
ဖြေ။ နှစ်ခုပါဘုရား။

မေး။ ဆင်းရဲဒါနဲ့ သိတာ။
ဖြေ။ နှစ်ခုပါဘုရား။

မေး။ ချမ်းသာဒါနဲ့ သိတာ။
ဖြေ။ နှစ်ခုပါဘုရား။

မျိုးစုံပေါ်တာ ရုပ်၊ သိတာက နာမ်ဆိုသောကြောင့်
မေး။ ရုပ်နဲ့ နာမ်တို့သည် နှစ်ခုလား၊ တစ်ခုတည်းလား။
ဖြေ။ နှစ်ခုပါဘုရား။

မေး။ နှစ်ခုဆိုရင် ပေါ်တာထဲမှာ အသိရှိ မရှိ။
ဖြေ။ မရှိပါဘုရား။

မေး။ အသိထဲမှာ ပေါ်တာရှိ မရှိ။
ဖြေ။ မရှိပါဘုရား။

မေး။ ရုပ်ထဲမှာ နာမ်-ရှိ မရှိ။
ဖြေ။ မရှိပါဘုရား။

မေး။ နာမ်ထဲမှာ ရုပ်-ရှိ မရှိ။
ဖြေ။ မရှိပါဘုရား။

တခြားစီနော် မှတ်ကြ၊ ရုပ်တရားက ပေါ်တယ်၊ နာမ်တရားက သိရုံသိတယ်၊ သူ့ဘက်နဲ့သူ တခြားစီ မရောဘူး။

မေး။ ရောသေးသလား။
ဖြေ။ မရောပါဘုရား။

ရုပ်ရှင်ကြည့်သလိုပါဘဲ၊ ရုပ်ရှင်ကြည့်တဲ့အခါမှာ အရုပ်က ပိတ်ထဲမှာ ပေါ်ရုံပေါ်ပြတယ်၊ မြင်သူကလည်း မြင်ယုံ မြင်ရတယ်၊ အရုပ်က ပိတ်ထဲမှာ မြင်သူကား ကြည့်သူ၏ မျက်စိတခြားစီဘဲ၊ ယခုလည်း ပေါ်တာက ပေါ်ယုံသက်သက်၊ အသိမဖက်ဘူး၊ သိတာက သိယုံသက်သက်၊ ဒီလို ရုပ်-နာမ်ကွဲသွားမယ်ဆိုရင် ပူစမ်း ပူချင်သလောက် ပူစမ်း၊ မခံနိုင်လောက်အောင် ပူစမ်း၊ ပူတဲ့အခါ ယောဂီတို့ကို မေးပါအုံးမယ်၊ ပူဒါနဲ့ သိတာနှစ်ခုလား၊ တစ်ခုလား။
ဖြေ။ နှစ်ခုပါဘုရား။

ပူဒါထဲမှာ အသိမဖက်၊ အသိထဲမှာလည်း ပူဒါမဖက် သိယုံသက်သက်၊ ဒီလို နာမ်-ရုပ်ကွဲသွားမယ်ဆိုရင် ပူချင်သလောက်ပူ၊ နာမ်လေးမှာ မဆင်းရဲတော့ဘူး။ အေးချမ်းပြီးနေလိမ့်မယ်၊ ဒီလိုနာမ်လေးက အေးချမ်းနေမယ်ဆိုရင် အပူလေးဟာလည်း တစ်နေ့ကျ အေးသွားလိမ့်မယ်၊ ရုပ်-နာမ်ကွဲရင် အေးချမ်းပုံလေး၊ ရေချိုးရင် ခဏတွင်းပျောက်မယ်၊ လေညှင်းခံရင် ခဏပါပဲ၊ ယပ်ခပ်လည်း ခဏ၊ တော်တော်ကြာတော့ ပူလာတာပါပဲ၊ ယခုလိုများ ရုပ်နဲ့ နာမ်၊ အပူနဲ့အသိကို ကွဲသွားမယ်ဆိုရင် ဘယ့်လောက် ပူပူ တစ်နေ့ကျ ချမ်းသာသွားတာပါပဲ။
ဒါတွေက လက်တွေ့တွေပါပဲ၊ ရုပ်နဲ့ နာမ်နဲ့ ကွဲသွားမယ်ဆိုရင် အင်မတန် ချမ်းသာတယ်၊ ရုပ်နဲ့ နာမ်နဲ့ မကွဲကြလို့ ငါနာတယ်၊ ငါ့လက်နာသည် စသည်ဖြင့် ဆင်းရဲနေကြတယ်၊ ကွဲသွားရင် အင်မတန် ချမ်းသာတယ်ခေါ်တယ်။ ရှင်းရှင်းလေးမှတ်ထားကြတယ်နော်။
ကဲဒါဖြင့် ပေါ်ဒါ တခြား၊ သိဒါ တခြား၊ ရုပ်က တခြား၊ နာမ်က တခြား၊ ကွဲသွားမယ်ဆိုရင် နာမရူပ ပရိစ္ဆေဒဉာဏ်ပိုင်ပြီဆိုရင် အငုပ်မှားလေးခုကို ပြောပြပါအုံးမယ်။
၁) အသားအရည် အကြော စသော ကောဋ္ဌာသ သဏ္ဌာနဒိဋ္ဌိ အငုပ်မှား။

၂) ခေါင်း ကိုယ် ခြေ လက် စသော သမူဟသဏ္ဌာန ပညတ်ဒိဋ္ဌိ အငုပ်မှား။

၃) ယောက်ျားမိန်းမ လူ နတ် ဗြဟ္မာ စသော ဇာတိသဏ္ဌာန ပညတ်ဒိဋ္ဌိ အငုပ်မှား။

၎) ငါဆိုတဲ့ အတ္တဒိဋ္ဌိ အငုပ်မှား။

ဒီအမှတ်မှားလေးခုသည် နဂိုက နာမ်ရုပ်ပေါ်မှာ ငုပ်နေတယ်၊ ဒါကြောင့် အငုပ်ကိန်းရာ နာမ်ရုပ်မှာ ကိန်းရာ နာမ်-ရုပ် ပေါ်အောင်လုပ်။
မေး။ ယခု နာမ်ရုပ်မပေါ်ဘူးလား။
ဖြေ။ ပေါ်ပါတယ်ဘုရား။

မေး။ ဘယ်အလုပ်နဲ့ ပေါ်သလဲ။
ဖြေ။ ၀ိပဿနာနဲ့မှ ပေါ်ပါတယ်ဘုရား။

မေး။ ဒါနနဲ့ပေါ် မပေါ်။
ဖြေ။ မပေါ်ပါဘုရား။

ဒါနက ကိုယ့်ပစ္စည်း သူတစ်ပါး အပိုင်ပေးတာပဲရှိတယ်နော်။

မေး။ သီလနဲ့ ပေါ် မပေါ်။
ဖြေ။ မပေါ်ပါဘုရား။

သမထက ဖိရုံ ဖိထားတာ၊ မပေါ်နိုင်ဘူး။

မေး။ ဘာနဲ့မှ ပေါ်သလဲ။
ဖြေ။ ဝိပဿနာနဲ့မှ ပေါ်ပါတယ်ဘုရား။

မေး။ ပေါ်ကော ပေါ်ရဲ့လား။
ဖြေ။ ပေါ်ပါတယ်ဘုရား။

အငုပ်ကိန်းရာ နာမ်ရုပ်မှာ ကိန်းရာ နာမ်-ရုပ် ပေါ်အောင်လုပ်၊ နာမ်-ရုပ်ပေါ်လျှင် အငုပ်မှား လေးခုစင်။

မေး။ နာမ်-ရုပ်ကွဲသွားလို့ နာမ်တခြား ရုပ်တခြား ကွဲသွားပြီဆိုရင် ငါကော တွေ့သေးလား။
ဖြေ။ မတွေ့ပါဘုရား။

မေး။ အသား အရည် အကြော စသော ကောဋ္ဌာသ။
ဖြေ။ မတွေ့ပါဘုရား။

မေး။ ခေါင်း ကိုယ် ခြေ လက် စသော သမူဟ။
ဖြေ။ မတွေ့ပါဘုရား။

မေး။ ယောက်ျား မိန်းမ လူ နတ် ဗြဟ္မာ စသည်။
ဖြေ။ မတွေ့ပါဘုရား။

မေး။ မတွေ့တာရှိလို့ မတွေ့တာလား၊ မရှိလို့ မတွေ့တာလား။
ဖြေ။ မရှိလို့ မတွေ့တာပါဘုရား။

မေး။ အခုမှ မရှိတာလား၊ အစထဲက မရှိတာလား။
ဖြေ။ အစထဲက မရှိတာပါဘုရား။
ရှင်းသွားပါပြီလား၊ အနမတဂ္ဂသံသရာကစ၍ မရှိတာတွေ ရှိတယ်ထင်နေတာ၊ နာမ်-ရုပ်မမြင်လို့တဲ့၊
နာမ်-ရုပ်ကိုသာမြင်ရင် အငုပ်မှားလေးခုစင်ထွက်သွားမှာပါ
ပဲ။
နာမ်-ရုပ်ပေါ်လျှင် အငုပ်မှား လေးခုစင်တဲ့၊ အငုပ်မှားလေးခုစင် ဆိုတာက ဒိဋ္ဌိဝိသုဒ္ဓိကိုပြောတာ၊ ယောဂီတို့အနေနဲ့ နာမ်-ရုပ်စာလိုတော့ သဘောကြပါရဲ့ ကိုယ်ကိုယ်တိုင် ကိုယ်ပိုင်ဥာဏ်နဲ့တော့ သဘောမကျသေးဘူး၊ ယခုတော့ သဘောကျသွားပြီ၊ ရှင်းသွားပြီ၊ ဘာဖြစ်လို့ ရှင်းသွားရသလဲဆိုရင် ဟိုတုန်းက နာမ်-ရုပ်နဲ့ အငုပ်မှားလေးခုနဲ့ တွဲနေတော့ နာမ်-ရုပ်နှင့် ငါက မကွဲဘူး၊ အသား အရည် အကြော စသော ကောဋ္ဌသနဲ့တွဲတော့ နာမ်-ရုပ်နဲ့ ကောဋ္ဌသနဲ့ကွဲမဘူး။ ခေါင်း ကိုယ် ခြေ လက် စသော သဏ္ဌာန ပညတ်နဲ့ တွဲတော့ ခေါင်း ကိုယ် ခြေ လက်နဲ့ နာမ်ရုပ်နှင့် တွဲနေတော့ နာမ်-ရုပ်နှင့် ဇာတိပညတ်နဲ့မကွဲဘူး။ စာလိုဆိုခဲ့စဉ်က ရုပ်သည် ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ်၊ ယောက်ျား မိန်းမ မဟုတ်၊ နာမ်သည် ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ်၊ ယောက်ျား မိန်းမ မဟုတ်။ ယခုတော့ ရှင်းသွားပြီ၊ နာမ်-ရုပ်မြင်တာ ယခုမှ ရှင်းသွားပါတယ်။ စာလိုတော့ ဒိဋ္ဌိဝိသုဒ္ဓိခေါ်ပါတယ်။
ခန္ဓာမှာ ပေါ်သိဆိုတဲ့နေရာမှာ ပေါ်တာတခြား၊ သိတာတခြား၊ အငုပ်မှား လေးခုတခြား၊ သုံးခုကွဲပုံ။
ပူသိဆိုတဲ့ နေရာမှာ ပူတာ တခြား၊ သိတာ တခြား၊ အငုပ်မှား လေးခုတခြား၊ သုံးခုကွဲပုံ။
အေးသိဆိုတဲ့ နေရာမှာ အေးတာ တခြား၊ သိတာ တခြား၊ အငုပ်မှား လေးခုတခြား၊ သုံးခုကွဲပုံ။
လှုပ်သိဆိုတဲ့ နေရာမှာ လှုပ်တာ တခြား၊ သိတာ တခြား၊ အငုပ်မှား လေးခုတခြား၊ သုံးခုကွဲပုံ။
ဆင်းရဲသိဆိုတဲ့ နေရာမှာ ဆင်းရဲတာ တခြား၊ သိတာ တခြား၊ အငုပ်မှား လေးခုတခြား၊ သုံးခုကွဲပုံ။
ချမ်းသာသိဆိုတဲ့ နေရာမှာ ဆင်းရဲတာ တခြား၊ သိတာ တခြား၊ အငုပ်မှား လေးခုတခြား၊ သုံးခုကွဲပုံ။
ဤကဲ့သို့ သုံးခု သုံးခု ကွဲလာခဲ့မယ်ဆိုရင် ပေါ်တာနဲ့ သိတာသည် တကယ်ရှိ ပရမတ်တွေပါ။
အငုပ်မှား (၄)ခုသည် တကယ်မရှိပညတ်တွေပါ။
၁) နာမ်-ရုပ်မြင် အငုပ်မှားလေးခုစင်။
၂) ပရမတ်မြင် ပညတ်လေးခုစင်။
၃) ရှိတာနှစ်ခုမြင် မရှိတာလေးခုစင်။

ဝိဿနာတရား ပွါးများအားထုတ်ခဲ့ပါလျှင် နာမ်-ရုပ်ကိုမြင်၊ နာမရူပ ပရိစ္ဆေဒဉာဏ်အတွက် အငုပ်မှားလေးခုစင်၊ ဒိဋ္ဌိဝိသုဒ္ဓိအတွက် ကလျာဏ ပုထုဇဉ်တဲ့၊ အငုပ်မှားလေးခုစင်သွားမယ်ဆိုရင် ကလျာဏပုထုဇဉ်ဖြစ်ပါသတဲ့၊ “အာဂမာဓိဂမာဘာဝါ အသုတဝါတိဥေယျာ” ဆိုတဲ့ အဋ္ဌသာလိနီ အဋ္ဌကထာကို ထောက်ရေးတာ အာဂမ-သက္ကာယဒိဋ္ဌိ အငုပ်မှားလေးခုကို ပယ်နိုင်စွမ်းတဲ့ အာဂုံ သင်သိ အာဂမ၊ အဓိဂမ၊ ကျင့်သိ အဓိဂမ။ အဘာဝါ၊ ထိုနှစ်ခုမရှိခြင်းကြောင့် အသုတဝါတိ၊ ဗဟုသုတ အကြားအမြင်မရှိသော အန္ဓပုထုဇဉ်ဟူ၍ (“အသုတဝါတိဧတေန အန္ဓတာ ဝုတ္တာ”လို့မူလဋီကာဆရာ ဖွင့်ပြလေသောကြောင့်) အသုတဝါတိ၊ ဘာတစ်ခုမှ ဗဟုသုတ အကြားအမြင်မရှိသော အန္ဓပုထုဇဉ်ဟူ၍ ဥေယျာ၊ မုချမသွေ သိ၍နေလေတော့သတည်း။
သာဓု သာဓု သာဓုပါဘုရား။

No comments: