Tuesday, March 10, 2009

ကြားဖြတ်သတင်း

ယနေ့ နံနက်ပိုင်းတွင် ဆရာတော် ဦးပဒုမ၏ ကျန်းမာရေးအခြေအနေ စိုးရိမ်ရဖွယ်အခြေအနေသို့ ရောက်ရှိခဲ့သဖြင့် နယ်များမှ ဒကာရင်း၊ ဒကာမရင်းများအား ရိပ်သာသို့  အမြန်ဆုံးလာရောက်ကြရန် ပဲခူးရိပ်သာမှ အကြောင်းကြား ထားကြောင်းသိရှိရပါသည်။

ကျွန်တော်တို့ အနေဖြင့် ဆရာတော်ဘုရား ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာရန်နှင့် သက်ရှည် ကျန်းမာစွာဖြင့် သာသနာ့တာဝန် ဆက်လက်ထမ်းဆောင်နိုင်ရန် ဆန္ဒပြုဆုမွန်ကောင်း တောင်းအပ်ပါသည်ခင်ဗျား။

3 comments:

win latt said...

ဆရာတော် မကျန်းမာ၍ အိပ်ယာထဲ မှမထနိုင်ကြောင်း အိမ်နှင့်ဖုန်းပြောတိုင်း ပြောပြကြပါသည်။အခုသတင်းကြောင့် အထူးစိုးရိမ်စိတ်မကောင်းဖြစ်ပါသည်။ဆရာတော်ကြီး ကျန်းမာပါစေ။

Anonymous said...

ဘာရောဂါ ဖြစ်တာပါလိမ့်ခင်ဗျာ။

အမြန်ဆုံး ပြန်လည် ကျန်းမာပါစေဘုရား။ စောင့်ရှောက်ပြုစုကြသည့် ဒကာဒကာမများကိုလည်း သာဓုခေါ်ပါသည်။

Ashin Kumara said...

အမြန်ဆုံးပြန်လည်ကျန်မာလျက် သာသနာ့ဝန်ဆက်လက်ဆောင်ရွက်နိုင်ပါစေကြောင်း.. ဆုတောင်းမေတ္တာပို့သအပ်ပါတယ်..